" အားလုံးမဂ်လာပါ "
အင်တာနက်ပေါ်မှာ ငွေရှာလို့ရတယ်လို့ ပြောရင်လူတိုင်းမယုံကြည်ကြသလို လက်မခံကြသူတွေလည်းရှိတယ်။တကယ်တော့ ဘယ်အရာမှ လွယ်လွယ်လေးနဲ့မရပါဘူး။တခုလိုချင်ရင်တခုတော့ပြန်ပေးဆက်ရမှာပေါ့။
အချိန်သို့မဟုတ်ငွေ၊ အချိန်နဲ့ငွေနှစ်ခုစလုံးလည်းပေးဆပ်သင့်ရင်ပေးဆက်ရမယ်။အလုပ်တစ်ခုလုပ်မယ်ဆိုရင်
ကိုယ်သိထားတာထက် ကိုယ်နားလည်တဲ့အရာကို လုပ်ရင်ပိုပြီးခရီးရောက်နိုင်မယ်။နားမလည်းပဲနဲ့လုပ်ရင်
အချိန်ကုန်ငွေကုန် လူပင်ပန်းရုံကလွဲပြီးဘာမှ ဖြစ်လာမှာမဟုတ်ဘူးဆိုတာတော့ လူတိုင်းတွေးမိကြမှာပါ။
မသိနားမလည်တာကို သိနားလည်အောင်လုပ်ဖို့ရာက ကိုယ့်တာဝန်ပါပဲ။ကိုယ်တိုင်လေ့လာဆည်းပူးမေးမြန်း
မှသာ တိုးတက်ပြောင်းလည်းမှု့ဆိုတာ ဖြစ်လာမှာပေါ့။တချို့လူတွေက သူများပြောလည်းမယုံ ကိုယ်တိုင်လည်းမလေ့လာ ,ကိုယ့်ကိုကိုယ်တက်လှပြီလို့ထင်နေကြသူတွေကလည်းအများကြီးပါ.။
တချို့ကြတော့လည်း အွန်လိုင်းမှာ ငွေဘယ်လိုရှာရင်ရနိုင်တယ်ဆိုတာ သိကြပေမဲ့ ပညာအတွေးအခေါ်
မပြည့်စုံတော့လည်း ရောင်လည်လည်ဖြစ်နေကြတယ်။ တချို့ကြတော့လည်း ပါးစပ်ကတော့ပြောလိုက်ကြတာ
ချမ်းသာချင်တဲ့အကြောင်း။လူတိုင်းကတော့ချမ်းသာချင်ကြတာပါပဲ။ဒါပေမဲ့ အပြောနဲ့အလုပ် မညီကြဘူး။
ကိုယ်မလုပ်တက် ကိုယ်နားမလည်ရင် သင်တန်းလေးတော့ တက်သင့်ရင်တက်ရမှာပေါ့။ တချို့ကြတော့လည်း
ငွေရချင်တာပဲသိတယ် ကိုယ့်ဘက်က ဘာမှမစိုက်ထုတ်ချင်ကြဘူး။ ဘယ်အရာမှ အလကားမရပါ။
လုပ်ချင်စိတ်အပြည့်နဲ့ ကြိုးစားပြီးသင်ယူမယ်ဆိုရင် အချိန်တိုလေးအတွင်းမှာ တိုးတက်ပြောင်းလည်းလာမှာပါ။ကိုယ့်ထက် သိသူ တက်သူ နားလည်သူ ဆရာသမားများကို မေးမြန်းသင်ယူ လေ့လာကြပါ။
အွန်လိုင်းပေါ်မှာက ကောင်းတဲ့သူတွေရှိသလို မကောင်းတဲ့ ကလိမ်ကျစ်တွေကလည်း ရှိနိုင်ပါတယ်။
ဒါကြောင့် သေချာလေးလေ့လာပြီးမှ အလုပ်လုပ်တာ အကောင်းဆုံးပါပဲ။ စာများများဖတ်ပါ။များများတွေးပါ။
လူ့ဘဝလူလောကကြီးထဲမှာက အကောင်းနဲ့အဆိုး ဒွန်တွဲနေတာ လူတိုင်းသိကြမှာပါ။ဉပမာ အချစ်-အမုန်း
အကောင်း-အဆိုး စသဖြင့်ပေါ့။ဘယ်အရာက ကိုယ်နဲ့သဟဇာတဖြစ်လားမဖြစ်လားဆိုတာကိုတော့ ကိုယ်တိုင်
စဉ်းစားတက်ဖို့တော့လိုတာပေါ့။ မကောင်းဘူးကောင်းတယ်ဆိုတာသိဖို့ သင်တန်းကြီးသွားတက်နေစရာ
မလိုသလို ပြောပြစရာလည်းလိုမယ်မထင်ပါဘူး။ ကိုယ်တိုင်လေ့လာကြည့်ပြီး ကောင်းတယ်ထင်ရင်ရှေ့ဆက်
မကောင်းဘူးလို့ထင်ရင်နောက်ဆုတ် မဟုတ်ဘူးလား။ အဆင်မပြေတာကြီးကို ဆက်လုပ်ဖို့ကြိုးစားနေမယ်ဆို
ရင်တော့လည်း ကိုယ့်ဒေါသနဲ့ကိုပေါ့။
အသိဉာဏ်အတွေးအခေါ်ဆိုတာ ကိုယ်တိုင်စဉ်းစားဆုံးဖြတ်ရမဲ့အရာပါ။ကျနော်ပြောခဲ့ဘူးပါတယ်,
ဖုန်းလေးတစ်လုံးက ကိုယ်ဘဝလေးကို တိုးတက်ပြောင်းလည်းမှုတွေလုပ်ပေးနိုင်တယ်ဆိုတာ စဉ်းစားကြည့်ပါ။
အဲဒီဖုန်းလေးနဲ့ပဲ စာဖတ်ပြီးလေ့လာလို့ရသလို စေ◌ျးဝယ်မယ် ,သင်တန်းလေးတွေတက်မယ်, အွန်လိုင်းမှာ
ငွေရှာမယ်, နည်းပညာအစုံလေ့လာလို့ရတယ်, ငွေလွှဲ-ငွေထုတ် လုပ်မယ် အများကြီးအများကြီးပါပဲ။
စဉ်းစားပါ တွေးပါ စာဖတ်ပါ လေ့လာကြပါ။နောက်မှဆက်မည်။