Followers

Followers

Saturday, August 15, 2020

တွေဝေမနေပါနဲ့တော့---

"မဂ်လာပါ " ချစ်မိတ်ဆွေအားလုံး ကျန်းမာချမ်းသာကြပြီး အသိဉာဏ်အတွေးအခေါ် ရင့်ကြတ်သူများ

ဖြစ်ကြပါစေ။ 

ချစ်မိတ်ဆွေတို့ရေ လူတိုင်းစာမဖတ်ကြသလို စာဖတ်ဝါသနာလည်း လူတိုင်းမှာ မရှိကြပါဘူး။ဒါကြောင့်လည်း

တိုးတက်မှုတွေ အသိတရားတွေရှိကြသူ ထားနိုင်ကြသူဆိုတာ နည်းတယ်လို့ထင်ပါတယ်။

လူကြီးမိဘ အုပ်ထိန်းသူတွေ ပညာရှိစာရေးဆရာကြီးတွေက အမျိုးမျိုး သင်ပြ အမျိုးမျိုးဆုံးမကြပေမဲ့

လူငယ်အများစုကတော့ ဆုံးမသင်ပြတာတွေကို လိုက်နာသူနည်းပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ 

တချို့ကြတော့လည်း ဉာဏ်ရည်ကမှီကြ၊ တချို့ကြတော့လည်း ငါသိငါတက် ငါပိုင်တယ်ဆိုတဲ့ မသိစိတ်တွေက

လွှမ်းမိုးနေကြတာလည်းရှိတယ်,အမျိုးမျိုးပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့လူမျိုးတွေက ခေတ်မှီတိုးတက်ဖို့

နှစ် ၅၀/၆၀ လောက်နောက်ကျခဲ့ပေမဲ့ အဟောင်းတွေကိုမသုံ‌းပဲ အသစ်အသစ်ဆိုတာတွေ အသုံးပြုနိုင်ကြတာ

တွေ့ရတယ်။ နိုင်ငံခြားသားတယောက်ပြောသွားတဲ့စကားလေးရှိပါတယ်။ကျနော်တို့လူမျိုးတွေက

ဘာပဲဖြစ်ဖြစ် အသစ်အဆန်းတွေပေါ်လည်း ဖြတ်လမ်းနဲ့ကျော်ခွပြီး လေ့လာနိုင် လုပ်နိုင်ကြပါတယ်တဲ့။

နားလည်အောင်ပြောရရင်တော့ အသစ်တွေကို မတည်ထွင်နိုင်ပေမဲ့ ကိုယ်နိုင်ငံကို ရောက်လာတဲ့ အရာမှန်သမျှတော့နည်းမျိုးစုံနဲ့အသုံးချနိုင်ကြပါတယ်။ ဆိုလိုတာက ကကြီးကနေအအထိ သင်စရာမလိုလုပ်စရာမလို

ရောက်တဲ့နေရာကလည်းအသုံးပြုနိုင်လေ့လာနိုင်ကြပါတယ်။ အဲတော့ကိုယ်ကလည်း အများကြီးလေ့လာ

နိုင်မှ အနာဂတ်အတွက် စိတ်အေးရမယ်မို့လား။ အဓိကကတော့ဗျာ ကိုယ်လေ့လာချင်တာကဘာလည်း

ဆိုတာသိရင် ရှာဖွေရတာလည်း လွယ်မယ် အချိန်လည်းသိပ်မကုန်တော့ဘူး။ကိုယ်က လက်တွေ့ဘယ်အရာကို

အသုံးပြုချင်တယ်ဆိုတာတော့ သေချာလေးစဉ်းစားပြီး လေ့လာစေချင်ပါတယ်။

ကိုယ်ရဲ့ဉီးတည်ချက် ရည်မှန်းချက်တွေကို အမြန်ဆုံးအောင်မြင်အောင် ကြိုးစားကြပါ တွေဝေမနေပါနဲ့။

လုပ်သင့်တယ်ထင်ရင်လုပ်ပစ်လိုက်ပါ။ပြီးတော့ စည်းကမ်းရှိရှိ စနစ်တကျ ကြိုးစားမယ်ဆိုရင်

တိုးတက်မှုဆိုတာ အချိန်ခဏလေးအတွင်းမှာ ပြောင်းလည်းသွားမှာပါ။

စာများများဖတ်,များများတွေး,နည်းနည်းပြောဆိုတာလေးနဲ့ကျင့်သုံးသွားမယ်ဆိုရင် အောင်မြင်မှုတခုတော့ရမှာ

သေချာပါတယ်။ ဖုန်းတွေကလည်းပေါ ကွန်ပြူတာတွေကလည်းပေါ နည်းပညာဆရာတွေ စာရေးဆရာကြီးတွေ

ကလည်းပေါ ၊သင်တန်းတွေကလည်းပေါ ဆိုတော့ လေ့လာဖို့ အခွင့်လမ်းတွေကအများကြီးပါ။

ကိုယ်တိုင်က ဘာမှမလေ့လာရင် ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။

ဘာမှနားမလည်ပါဘူးဆိုပြီး ပစ်ထားမဲ့အစား ကိုယ်ဝါသနာပါတဲ့  အပိုင်းလေး ကို စာအုပ်လေးတွေရှာ

ပြီးဖတ်မယ်ဆိုရင် တဖြည်းဖြည်းတော့ နားလည်လာမှာပါ။ စာဖတ်မပျင်းဖို့တော့ လိုတာပေါ့။

နည်းပညာတွေ တိုးတက်နေတဲ့အချိန်မှာ နောက်ကျမကျန်ခဲ့ဖို့ စာများများဖတ်ကြပါဆို့။



No comments:

Post a Comment

ဖုန်းတစ်လုံးက ဘဝတခုကို ပြောင်းလဲပေးနိုင်လား

 'မဂ်လာပါ'     📱  ' ဖုန်းတစ်လုံးက ဘဝတခုကို ပြောင်းလဲ ပေးနိုင်လား'   *လယ်ကွင်းထဲမှာရှိတဲ့ တောင်သူ တယောက်ရဲ့ဖုန်း * ကျောင်းတက...