" မဂ်လာပါ "
လူတစ်ယောက်နဲ့တစ်ယောက်ဟာ အတွေးအခေါ်မတူကြသလိုဆုံးဖြတ်ချက်ချတာတွေလည်းမတူကြပါဘူး။
အခုခေတ်ကြီးထဲမှာ အရမ်းကို တိုးတက်တာတွေ အရမ်းကိုခေတ်မှီတာတွေ မြင်တွေ့နေရတာ စာဖတ်သူတို့
တွေ့မိကြမှာပါ၊ တခါတလေ တွေးကြည့်မိတယ် လူတချို့ဟာ ကိုယ်လုပ်နေတဲ့အလုပ်တခုက ကိုယ့်အတွက်
အကျိုးရှိလား မိသားစုအတွက် အကျိုးရှိလား သူများအတွက်အကျိုးရှိလားဆိုတာ လုံးဝမတွေးကြဘူး။
လူငယ်တချို့တွေ့နေရတာ စာဖတ်သူတို့ မြင်မိမှာပါ, ဖုန်းလေးတွေ ကိုင်ပြီး ပွတ်နေလိုက်ကြတာ။ ဘေးက
လူဖြတ်သွားလည်း မသိ ပတ်ဝန်းကျင်ကိုလည်း ၈ရုမစိုက်ကြတဲ့ စတိုင်တွေနဲ့ သူတို့လေးတွေအစား
စိတ်ထဲမကောင်းဖြစ်မိတယ်။ အခုခေတ်မှာက အားရင်တစ်ယောက်နဲ့တစ်ယောက် စကားပြောတာတွေ
မရှိကြတော့ဘူး ၊တိုင်ပင်ဆွေးနွေးတာတွေ မရှိကြတော့ဘူး။ အလုပ်လေးအားတာနဲ့ ဖုန်းကြည့်ဖို့ပဲ,
ဖုန်းရှိလို့ ကြည့်တာ မဆန်းပါဘူး၊ လူတိုင်းဝယ်နိုင်တဲ့ ခေတ်ဆိုတာစာဖတ်သူတို့ သိပါတယ်။ဒါပေမဲ့
လူတိုင်းမသိသေးတာတစ်ခုရှိတယ်၊ ဒီဖုန်းလေးတစ်လုံး က ဘဝတခုကို တိုးတက်ပြောင်းလည်းသွားအောင်
လုပ်ပေးနိုင်တာ တချို့လူတွေ သတိမထားမိကြဘူး။ စာရေးသူတို့ ဖုန်းလေးစကိုင်နိုင်တဲ့အချိန်ကဆို
အင်တာနက်ဆိုတာကြီးကိုလည်း ကောင်းကောင်းနားမလည် ,facebook ဆိုတာဘာတွေဘယ်လိုလုပ်ရမှန်းမသိ
ဆိုတော့ အရမ်းကိုသိချင်မိတယ်။ ဒါကြောင့် ကိုယ်ထက် ဖုန်းအရင်ကိုင်ဘူးတဲ့သူတွေကို သိချင်တာမေးတယ်၊
စာအုပ်တွေရှာဖတ်ရတယ်။ အဲဒီအချိန်က ဘာသင်တန်းမှမရှိသလို အင်တာနက်ဆိုတာလည်း ကောင်းကောင်း
နားမလည်။ အရမ်းကိုသိချင်တက်ချင်ခဲ့တာ။ အခုခေတ်လူငယ်လေးတွေ အရမ်းကံကောင်းကြပါတယ်။
စာဖတ်ချင်ရင် စာအုပ်ဆိုင်သွားစရာမလိုတော့ဘူး၊ မုန့်စားချင်လည်း ဆိုင်ထိသွားစရာမလို၊ ဘာပဲလိုလို
ဘာပဲလုပ်ချင်လုပ်ချင် သိထားဖို့ တက်ထားဖို့ နားလည်ထားဖို့ ကအရမ်းအရေးကြီးပါတယ်။
သိအောင်လည်းလေ့လာရမယ် တက်အောင်လည်း ကြိုးစားရမယ် နားလည်အောင်လည်း ဂရုစိုက်ရမယ်။
တက်သလို၊သိသလို၊နားလည်သလို နဲ့ ကိုယ့်ကိုကိုယ် မသိတဲ့လူတွေကလည်း အများကြီးတွေ့နေရတယ်။
အခုအချိန်မှာ ဖုန်းလေးနဲ့ပဲ ကိုယ်သိချင်တာတွေ ရှာပြီးလေ့လာမယ်၊စားချင်တာလေးတွေ မှာစားမယ်၊
ကိုယ်ဝါသနာပါတဲ့ သင်တန်းလေးတွေ ရှာတက်မယ် ၊နောက်ဆုံး ဖုန်းလေးနဲ့ပဲ ငွေအများကြီးရှာလို့ရနေပြီ
ဆိုတာလူတိုင်း သိထားနားလည်ထားဖို့ လိုပါတယ်။
အချိန်ကုန် ဘေကုန်ခံပြီး ဂိမ်းဆော့ ဟိုကြည့်ဒီကြည့် လုပ်တာလေးတွေလျော့ အကျိုးရှိမဲ့အရာလေးတွေ
လေ့လာပြီး ကိုယ့်ဘဝလေးကို အရင်နှစ်တွေကနဲ့မတူအောင် ထူတောင်စေချင်တဲ့ စိတ်ရင်းအမှန်နဲ့
"ခရီးသွားအတွေး"က ကြီးပွားရေးအကြောင်း ပြောလိုက်မိတာ တမျိုးတော့မထင်ပါနဲ့၊ ကိုယ်တွေ့အတွေး
အမြင်လေးတွေနဲ့ တွေးထင်မိတာလေးကို ရေးတင်မိတာပါ။
စာဖတ်သူအားလုံး အရာရာအဆင်ပြေကြပါစေ
ခရီးသွားအတွေး
komyolay
No comments:
Post a Comment