အခုခေတ် တချို့လူငယ်လေးတွေ ကိုအရမ်း ဂုဏ်ယူလေးစားမိပါတယ်။အရမ်းကိုကြိုးစားလေ့လာ သင်ယူကြတာတွေ့ရတယ်။ခေတ်ကလည်း အရမ်းကိုတိုးတက်နေတဲ့ခေတ် အချိန်၊လူကြီးတွေ ဆရာကြီးတွေက ပြောကြတယ်
စာဖတ်ကြ စာဖတ်မှ အသိဉာဏ် ဗဟုသုတကြွယ်ဝမှာတဲ့။ဟုတ်ပါသည် မှန်ပါသည်။" ပညာမရှိ သူ၏ဝန်ထမ်း "တဲ့
ပညာမတက်သူတွေကတော့ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်စားသောက် နေကြရတယ်။တချို့ကြတော့လည်း
ပညာတက်ပေမဲ့ ငွေကြေး စီးပွားရေး အဆင်မပြေကြတော့လည်း ပင်ပန်းဆင်းရဲကြရတယ်။တချို့ကြတော့လည်း
ပညာတက်ပြီး အသိတရား အတွေးအခေါ် လုံးဝမရှိကြသူတွေလည်း ရှိကြတယ်။ လောကကြီးကအကောင်းနဲ့အဆိုးကတော့ ဒွန့်တွဲနေတာပါ။
အခုခေတ်မှာ ပညာလိုချင်လို့ သင်တန်းတွေတက်ပြီး ကြီုးစားနေကြသူတွေ ရှိသလို လမ်းဘေးမှာအိပ်
လမ်းရိပ်ကိုနင်းပြီး လမ်းပေါ်မှာ ပျော်နေကြသူတွေလည်း အများကြီးပါပဲ။
တချို့လူငယ်လေးတွေကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သင်တန်းတွေဖွင့် စီးပွားရေးတွေတောင် လုပ်ကိုင်
နေကြတာတွေ့ရတယ်။ အရမ်းဂုဏ်ယူပါတယ် ။ကိုယ်ထက် ငယ်သူ ရွယ်သူ ကြီးသူတွေပါ မကျန်သင်ပေးနေတာတွေ့ရတော့ အရမ်းဝမ်းသာပီတိဖြစ်မိတယ်။သူတို့ရဲ့ ကြိုးစားအားထုတ် မှု့ကြောင့်ပါ။
ပညာမျိုးစုံကို ကိုယ်ပိုင်လုပ်နိုင်တဲ့အထိ ကိုယ်တိုင်တွေးခေါ်နိုင်တဲ့အထိ သင်ပြ ဝေငှနေကြတယ်။
ငယ်ငယ်ရွယ်ရွယ်နဲ့ တခြားသူတွေကို နားလည်အောင် ရှင်းပြပေးရတာ လွယ်တဲ့အလုပ်တော့ မဟုတ်ပါဘူး.။
တခြားသူတွေကို မသင်ခင် ကိုယ်တိုင် နားလည်အောင်ကြိုးစားရပါတယ်။
အဲဒီလိုနားလည်အောင်ကြိုးစားရတာဟာ အလကားမရပါဘူး။ အချိန်တွေ ငွေတွေကုန်ပြီးမ ပင်ပန်းစွာ
သင်ယူခဲ့ရတာပါ။လွယ်လွယ်လေးနဲ့တော့ ဘယ်အရာမှ အလကားမရပါဘူး။တချို့ကြတော့လည်း တယောက်တည်းနဲ့ လှုပ်ရှားကြသလို တချို့ကြတော့လည်း သူငယ်ချင်းမိတ်ဆွေတွေဖွဲ့ပြီး လှုပ်ရှားကြတာတွေ့ရတယ်။
ကြိုးစားနေကြတဲ့လူငယ်တွေအတွက်အရမ်းကို လေးစားဂုဏ်ယူမိပါတယ်။အမြဲအားပေးနေပါတယ်။
လူတိုင်းမှာ ကိုယ်တိုင်အသိ ကိုယ်တိုင်နားလည်း ကိုယ်တိုင်အတွေးအခေါ်လေးတွေ ရှိကြရင် ကျွန်တော်တို့
နိုင်ငံကြီး အခုလိုဆင်းရဲနေမှာ မဟုတ်ပါဘူး။
'" မဖြစ်နိုင်တာမရှိ မဖြစ်သေးတာပဲရှိ" တယ်ဆိုတဲ့စကား လေးကို လက်ကိုင်ထားပြီးကြိုးစားကြမယ်ဆိုရင်
အချိန်ခဏလေးအတွင်းမှာ ပြောင်းလည်းတိုးတက်မှု့တွေ ကြုံတွေ့လာမှာပါ။ လူတိုင်းကို စာဖတ်ပါလို့
လိုက်ပြောနေလည်း စာမဖတ်ချင်သူကတော့ လုံးဝဖတ်မှာမဟုတ်ပါဘူး။စာဖတ်ဝါသနာပါသူတွေအတွက်
ကတော့ ဘာမှတိုက်တွန်းနေစရာမလိုပါဘူး။ သူဖတ်ချင်တဲ့စာအုပ်တွေ့ရင် မရရအောင်ရှာဖတ်ကြတယ်။
စာပေကိုတန်ဖိုးထား ၊စာပေကို လေးစား စာပေကိုမြတ်နိုးကြသူတိုင်းဟာ ရင့်ကြတ်တဲ့အတွေးအခေါ်
ပြောင်မြှောက်တဲ့အယူအဆတွေ ကြီးမားတဲ့ဆုံးဖြတ်ချက်တွေနဲ့ အေးချမ်းစွာ လှုပ်ရှားကြိုးစားနေကြသူတွေပါ။
အဓိက ကတော့စိတ်ထားဖြူစင်ပြီး ရိုးသားကြိုးစား ကိုယ်ချင်စာတက်တဲ့ သူဖြစ်ဖို့ အရေးကြီးပါတယ်။
လူတစ်ယောက် လူဆိုးလူမိုက်လုပ်ဖို့ မကောင်းတာမှန်သမျှလုပ်ဖို့ဆိုတာ အချိန်တိုလေးအတွင်းမှာ စွယ်စုံလုပ်
ယူလို့ရနိုင်ပေမဲ့ လူတစ်ယောက် လိမ်မာ ယဉ်ကျေးလာအောင် လုပ်ယူဖို့ဆိုတာ အချိန်တိုခဏလေးအတွင်းမှာ
လုံးဝမရနိုင်ပါဘူး။ စာများများဖတ်ပြီး အတွေူးအခေါ် ဗဟုသုတတွေကြွယ်ဝနိုင်ကြပါစေ။
No comments:
Post a Comment