Followers

Followers

Friday, August 14, 2020

စဉ်းစားကြည့်ပါဦး

 "မဂ်လာပါ "

 စာပေကိုလေ့လာ မြတ်နိုးကြတဲ့သူတိုင်းဟာအေးဆေးတည်ငြိမ်ပြီး အရာရာလုပ်ဆောင်ရာမှာလည်းအရမ်းကိုထက်မြတ်ကြမယ်ထင်ပါတယ်။ အခုခေတ်လူငယ်လေးတွေ တချို့ပေါ့ အရမ်းကိုစာဖတ်အားနဲကြတယ်။

game ဆော့ဖို့ဆိုရင်တော့ ထမင်းမေ့ဟင်းမေ့ပါပဲ။ စာဖတ်ဖို့ပြောရင် နားလည်သလိုလို သိပြီးသားလိုလို၊

တကယ်တော့ သူတို့လေးတွေမှာ အားနဲချက်တွေ ရှိနေကြတာတွေ့ရတယ်။ကျောင်းမနေခဲ့ကြသူ ၊၃တန်း၄တန်း

ပဲတက်ခဲ့ရသူ၊ ဘုန်းကြီးကျောင်းမှာပဲ နေခဲ့ရသူလေးတွေ ဆိုတော့ အားငယ်နေကြမှာပေါ့။ တကယ်တော့

အတန်းပညာမတက်ခဲ့ရလို့ အားငယ်စရာမလိုပါဘူး။  နဲနဲပါးပါး ရေးတက်ဖတ်တက်ဖို့ပဲလိုပါတယ်။

အခုဆော့နေကြတဲ့ ဂိမ်းတွေကြ ဘယ်သူသင်ပေးခဲ့လို့လည်း။ကိုယ်တိုင်ဟိုနှိပ်ဒီနှိပ်နဲ့ပဲ သိလာခဲ့ကြတာမို့လား။

လေ့လာချင်စိတ် သင်ယူချင်စိတ်လေးတွေထားပါ အချိန်ခဏလေးမှာပဲ တိုးတက်ပြောင်းလဲလာမှာပါ။

လူတိုင်းကို စာဖတ်စေချင်ပါတယ်။ စာဖတ်ဖို့ စာအုပ်တွေက ဆိုင်တွေမှာသွားဝယ်စရာမလိုပါဘူး။

ကိုယ်ကိုင်နေတဲ့ ဖုန်းလေးထဲကပဲ လေ့လာလို့ရနေပါပြီ။ ကိုယ်သိချင်တာလေးတွေတော့ အကောင်းအဆိုး

ခွဲခြားတက်ပါစေ။ စာဖတ်ဆိုတိုင်း တွေ့တဲ့စာအုပ်တွေ ဖတ်လို့တော့ မဖြစ်ဘူထင်ပါတယ်။

ကိုယ်က ဘာကိုဝါသနာပါတာလည်း ဘာလုပ်ချင်တာလည်း၊ဘာကိုသိချင်တာလည်းဆိုတာကိုတော့

ကွဲကွဲပြားပြားသိဖို့တော့လိုတာပေါ့။ ရည်ရွယ်ချက်၊ရည်မှန်းချက်လေးတွေ ထားပြီးအလုပ်လုပ်ကြစမ်းပါ။

ကိုယ်ရောက်နေတဲ့နေရာလေးကိုပဲ ပျော်မွေ့မနေပါနဲ့ ။တိုးတက်ရာတိုးတက်ကြောင်းကိုတော့ စဉ်းစားပေးပါ။

ဘာမှမရှိတဲ့ဘဝကနေ တိုးတက်ကြီးပွားချမ်းသာသွားကြတာတွေ လည်းတွေ့ဘူးကြမှာပါ။

အဓိက ကတော့ ကိုယ့်ရဲ့စိတ်တွေကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ဖို့အရေးကြီးဆုံးပါပဲ။ ကိုယ်စိတ်ကို

မနိုင်ကြသူများဟာ အဆင်မပြေမှုတွေနဲ့ အမြဲရင်ဆိုင်နေကြရမှာပါ။ဒါကြောင့် ကိုယ်ရဲ့စိတ်ကို အလိုမလိုက်ပါနဲ့။

နောင်တဆိုတာကတော့ နောက်မှရကြတာပါပဲ။ အခုခေတ်က အရမ်းကို တိုးတက်ပြောင်းလဲမှုတွေကမြန်တယ်။

အရာရာတိုင်းကတော့ တဖြည်းဖြည်းနဲ့ပြောင်းလဲလာတယ်။ ကိုယ်တွေကတော့ မနှစ်ကလည်းဒီလို၊ဒီနှစ်လည်း

ဒီလို ဘာမှမပြောင်းလည်းဘူးဆိုရင်  ကိုယ်ညံ့ရာကြသွားပီမို့လား။ အဲဒါဆို ဘာတွေလုပ်သင့်ပြီထင်လည်း။



No comments:

Post a Comment

ဖုန်းတစ်လုံးက ဘဝတခုကို ပြောင်းလဲပေးနိုင်လား

 'မဂ်လာပါ'     📱  ' ဖုန်းတစ်လုံးက ဘဝတခုကို ပြောင်းလဲ ပေးနိုင်လား'   *လယ်ကွင်းထဲမှာရှိတဲ့ တောင်သူ တယောက်ရဲ့ဖုန်း * ကျောင်းတက...