Followers

Followers

Wednesday, August 12, 2020

တိုးတက်ချင်စိတ်ရှိရင်--

" မဂ်လာပါ စာပေလေ့လာသူများအရာရာအဆင်ပြေပါစေ"

       ကျွန်တော်ရေးနေတဲ့ blog လေးကို သိခံဖတ်ပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

blog အိမ်လေးအလှဆင် တည်ဆောက်နေတာ တပိုင်းတစဖြစ်နေတဲ့အတွက် တောင်းပန်ပါတယ်။စမ်းတဝါးဝါးနဲ့သိသလောက် တက်သလောက်လေး လုပ်ကြည့်နေတာပါ။

လေ့လာရင်းကြိုးစား သင်ယူနေရတာမို့ပါ။ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာ များရဲ့ နည်းပညာနှင့်စာပေများကို

လေ့လာခွင့်ပြုပါလို့ တောင်းဆိုချင်ပါတယ်။တကယ်တော့ ဘာပဲလုပ်လုပ် စိတ်ကအဓိကပါ။ 

             တချို့လူငယ်လေးတွေဟာ အချိန်တွေကိုဖြုန်းမှန်းမသိ ဖြုန်းနေကြတာတွေရတယ်။ သူတို့စိတ်ထဲမှာတော့ ပျော်ရွှင်နေကြမှာပေါ့ ။ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်လုပ်ချင်တာလုပ်နေရတာဆိုတော့ ပျော်ကြမှာပေါ့။

စာရေးသူတွေးပြီး  စိတ်မကောင်းဖြစ်မိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့မှာ အားတဲ့အချိန် နားတဲ့အချိန်

ဆိုတာ မရှိကြဘူး။ စာရေးသူလေ့လာတွေ့ရှိ တာတွေကတော့ အရမ်းကို ဗဟုသုတအားနည်းပြီး ကြိုးစားပြီး

သင်ယူချင်စိတ် မရှိကြဘူး.။ အလုပ်လေး အားတာနဲ့ ဖုန်း၊ ထမင်းစားလည်း ဖုန်း၊အိမ်သာတက်လည်း ဖုန်း၊

အိပ်မယ်ဆိုလည်း ဖုန်း၊ အိပ်ယာထလည်းဖုန်း  နေကြတာပါပဲ။မျက်လုံးလေးမှိတ်မှပဲ လက်ထဲကချ၇တယ်။

တချိုဆိုရင် ဖုန်းလေးကို ကိုင်ပြီးတော့ အိပ်ပျော်သွားကြတာလည်း တွေ့ဘူးတယ်။ အင်တာနက်ဖွင့်ပြီးလည်းအိပ်ပျော်သွားကြတယ်။ ကိုယ့်ရဲ့စိတ်ကို အရမ်းကြီး အလိုမလိုက်ကြပါနဲ့။ကိုယ်ဘာလုပ်သင့်ပြီးလည်းဆိုတာတော့ စဉ်းစားစေချင်ပါတယ်။ 

   ဘယ်ကစပြီးဘာကိုဘယ်လို လေ့လာရမလည်းဆိုတာ သေချာလေးစဉ်းစားစေချင်ပါတယ်။တိုးတက်နေတဲ့ခေတ်ကြီးထဲမှာ သူများတွေထက်နောက်မကျအောင် ကြိုးစားသင်ယူကြစမ်းပါ။ အိမ်ထဲကအိမ်အပြင်မထွက်ပဲတောင်သင်ယူလို့ရနေတဲ့ခေတ်ပါ။ 

အကျိုးရှိတဲ့အလုပ် အကျိုးမရှိတဲ့အလုပ်ဆိုတာ တော့ခွဲခြားတက်ကြပါတယ်။အလိုသိနေကြတာတောင်ဘာဖြစ်လို့ဒီအတိုင်း အချိန်တွေကုန် ဘေတွေကုန်ခံပြီး တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းပစ်နေကြတာလည်း၊

လေ့လာကြစမ်းပါ သင်ယူကြစမ်းပါ။ ကြိုးစားပြီးလုပ်ကြည့်လိုက်ပါ။တနေ့နေ့တော့ အရင်ကနဲ့မတူတဲ့ပြောင်းလည်းမှုတွေ ဖြစ်လာမှာပါ။

စာဖတ်တဲ့အကျင့်လေးတွေလုပ်ပါ။ ကိုယ့်အပေါ်ကို တိုးတက်ရာတိုးတက်ကြောင်း ညွှန်ပြတဲ့ဆရာသမားတွေကို

ရှာဖွေဆည်းပူးပါ။သင်ယူပါ။ ကိုယ့်ဘဝအတွက် နောင်ရေးစိတ်အေးဖို့ ဆိုတာ ရှာဖွေစုဆောင်း နိုင်မှ၊ အချိန်မလွန်ခင်ကြိုးစားရှာဖွေ သင်ယူမှတ်သားနိုင်မှ၊ ဘဝမှာပျော်ရွှင်စွာနေနိုင်မှာပေါ့။

များများဖတ် များများတွေး နဲနဲပြော ရင်း ကိုယ်ဘဝလေးကို တိုးတက်ပြောင်လည်းနိုင်တဲ့ နည်းလမ်းလေးတွေရှာဖွေပြီး အသိပညာဗဟုသုတများကို တိုးပွားအောင် ကြိုးစားကြဖို့ ပြောချင်ပါတယ်။ 

 komyolayခရီးသွားအတွေးစာစု           

No comments:

Post a Comment

ဖုန်းတစ်လုံးက ဘဝတခုကို ပြောင်းလဲပေးနိုင်လား

 'မဂ်လာပါ'     📱  ' ဖုန်းတစ်လုံးက ဘဝတခုကို ပြောင်းလဲ ပေးနိုင်လား'   *လယ်ကွင်းထဲမှာရှိတဲ့ တောင်သူ တယောက်ရဲ့ဖုန်း * ကျောင်းတက...