" စာဖတ်သူမိတ်ဆွေများ ကျန်းမာချမ်းသာ ကြပါစေ"
စာရေးသူရဲ့ပတ်ဝန်းကျင်လေးနားမှာ မြင်တွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးတွေကို နဲနဲလေးပြောပြချင်ပါတယ်။ ဝန်းထမ်းအလုပ်သမားလေးတွေ ကြည့်ပြီး အတွေးလေးတွေ
ဖြစ်ပေါ် လာခဲ့တယ်။သူတို့လေးတွေကို အထင်သေးလို့ ပြောချင်းမဟုတ်ပါဘူး။လူလောကကြီးကတော့
နေတက်ရင် ကျေနပ်စရာပါပဲ။ စရိုက်မျိုးစုံ အတွေးမျိုးစုံ အကျင့်မျိုးစုံနဲ့ မပြည်စုံတဲ့ဘဝလေးတွေကို ရင်ဆိုင်
ကြိုးစားလှုပ်ရှားနေကြရတာ ဘဝတိုက်ပွဲ တစ်ခုပါပဲ။ဒါတွေကို နားမလည်သူတွေကလည်းရှိနေမှာပါ။
ပြောချင်တာက ကိုယ်လုပ်နေရတဲ့ အလုပ်ကို နားမလည် ၊ ကိုယ့်ဘဝလေး တိုးတက်ပြောင်းလည်းဖို့
လည်းမကြိုးစားကြသလို ဗဟုသုတရအောင်လည်းမလေ့လာ၊ တနယ်တကျေးကလာပြီး စီးပွာရှာတာတဲ့။
တကယ်တော့ အပြောနဲ့အလုပ် မညီသူကအများကြီးပါ။ ဒါကလည်း သူတို့လေးတွေရဲ့ အတွေးအခေါ်
အယူအဆ ဗဟုသုတလည်း မကြွယ်ဝကြတော့ ကိုယ်လုပ်တာအမှန်ထင်ကြမှာပေါ့။
စာရေးသူလည်း အတွေးအခေါ်ဗဟုသုတကြွယ်ဝလို့ ပြောနေတာ မဟုတ်ပါဘူး။အခုမှ လေ့လာ သင်ယူ
မှတ်သားနေရသူပါ။အဓိကပြောချင်တာက ကိုယ့်ဘဝလေးတွေကို နားလည်ကြဖို့ နဲ့ကိုယ့်မိသားစုကို
ပစ်မထားကြဖို့ ရတာလေးတွေကို စနှစ်တကျ စုဆောင်းကြပါ ။အပျော်အပါးတွေ အကျိုးမရှိတဲ့ အလုပ်တွေ
လျော့ပြီး ကိုယ့်ဘဝကို တိုးတက်ကြီးပွားအောင် ကြိုးစားကြစေချင်ပါတယ်။ စာများများဖတ်စေချင်ပါတယ်။
အကျိုးရှိမဲ့စာလေးတွေပဲ ဖတ်ပါ၊လေ့လာကြပါ။ ဖုန်းလေးတွေနဲ့ပဲ ဂိမ်းဆော့ ပြီးအချိန် မကုန်ပါစေနဲ့။
အလကားကုန်ဆုံးသွားတဲ့ အချိန်တွေဟာ အရမ်းနှမြှောဖို့ကောင်းပါတယ်။
ဖုန်းလေးနဲ့ပဲစာဖတ်လို့ရပါတယ်၊ လေ့လာလို့ရတယ်၊သင်ယူလို့ရတယ်။ကြီုးစားကြည့်လိုက်ပါ။
ကိုယ်ဘယ်လို လူလည်းဆိုတာ ကိုယ်အသိဆုံးပါ။ကိုယ် ဘာလုပ်သင့်တယ်ဆိုတာလည်း သူများကို
မေးနေစရာမလိုပါဘူး။ ဖုန်းလေးတလုံးက ကိုယ့်ဘဝလေးကို တိုးတက်ပြောင်းလည်းသွားအောင်
လုပ်ပေးနိုင်ပါတယ်။ ကိုယ်တိုင်ကြီုးစားဖိုတော့လိုတာပေါ့။ ပြောင်းလဲချိန်တန်ပါပြီ ၊ဖတ်ပါ၊မှတ်ပါ၊လေ့လာပါ။
No comments:
Post a Comment