Followers

Followers

Monday, August 10, 2020

ဘာလုပ်သင့်တယ် ထင်လည်း---

"စာဖတ်သူအားလုံး မဂ်လာပါ"

         ဖုန်းလေးတစ်လုံးက ဘဝလေးတခုကိုပြောင်းလည်းသွားအောင် လုပ်ပေးနိုင်တယ်လို့ ပြောခဲ့တယ်နော်။ ဒါကလည်း ကိုယ်တိုင် လေ့လာအားထုတ်မှ ကိုယ်နဲ့လက်လမ်းမှီတဲ့အရာတွေကိုလေ့လာမှ ြဖစ်မှာပါ။ကိုယ်နားမလည်တဲ့နယ်ပယ် ကိုယ်ဝါသနာမပါတဲ့အလုပ် ကိုတော့ခွဲခြားတက်ဖို့တော့လိုတာပေါ့။ စိတ်ကိုတည်ငြိမ်အောင်ထားပြီး ခေါင်းအေးအေးနဲ့စဉ်းစားပီးမှ လုပ်ပါ။ သိချင်ဇော လုပ်ချင်ဇောနဲ့တော့မလုပ်ပါနဲ့။ တချို့ဆိုရင်သင်တန်းတွေစုံအောင်လိုက်တက်ကြတယ် ၊တစ်ခုပြီးတစ်ခုပါပဲနောက်ဆုံးတော့လည်း ဘာအလုပ်မှမလုပ်ဖြစ်ကြသူတွေလည်း အများကြီးပါပဲ။ သင်တန်းတွေဆိုတာကလည်း ဟိုတုန်းကလို သွားပြီးတက်စရာမလိုတော့ပါဘူး ဖုန်‌းလေထဲကပဲ တက်ချင်တဲ့သင်တန်း တက်လို့ရနေတဲ့ခေတ်ဖြစ်နေပါပြီ။ဒါကြောင့် အချိန်ကို အကျိုးရှိရှိ အသုံးချဖို့ အချိန်တန်ပါပြီ။ ဖုန်းရှိသူတိုင်းဟာအချိန်‌နဲ့ဘေတွေကုန်မှန်းမသိကုန်နေကြတာ သတိမထားမိကြပါဘူး။ဖုန်းကိုင်လိုက်တာနဲ့ အင်တာနက်ဆိုတာလေးဖွင့်လိုက်ကြတာပါပဲ။ဘာရည်ရွယ်ချက်မှလည်းမရှိကြဘူး။
လူတိုင်းတော့မဟုတ်ပါဘူး။ဘဝကိုယ်တိုးတက်ကြီးပွားချမ်းသာချင်သူတွေကတော့ အချိန်ကို အရမ်းတန်ဖိုးထားကြပါတယ်။စာဖတ်တယ်ဆိုတာကလည်း တွေတဲ့စာတိုင်းဖတ်နေလို့မဖြစ်ဘူးဆိုတာလဲ သိထားဖို့လိုတယ်။စာများများဖတ်များများတွေး နဲနဲပြောတာအကောင်းဆုံးပါ။တချို့စာတွေဆိုရင် ဖတ်လိုက်တာနဲ့ ခွန်အားတွေဖြစ်စေတယ်။ချက်ချင်းထလုပ်ချင်စိတ်တြွေဖစ်မိတယ်။တခါတလေ ငါအသိနောက်ကျပါလားဆိုတဲ့နောင်တလေးတွေလည်းရတက်တယ်။အဲဒီအတွက် အားငယ်စရာမလို ပါဘူး။ကိုယ်စသိလိုက်တဲ့အချိန်ကစပြီး ‌ပြုပြင်ပြောင်းလဲပြီးကြိုးစားလိုက်မယ်ဆိုရင် အချိန်မှီပါသေးတယ်။လုပ်ချင်စိတ်သင်ယူချင်စိတ်အပြည့်ရှိရှိနဲ့သာကြိုးစားမယ်ဆိုရင် အချိန်တိုအတွင်းမှာ တိုးတက်ပြောင်းလဲလာတာ တွေ့ရမှာပါ။
ဒါကြောင့်အခုအချိန်ကစပြီး ငါသွားနေတဲ့လမ်းကဘာလည်းဘယ်လည်းဆိုတာ အရင်စဉ်းစားပါ။လူ့ဘဝက နေရ ခဏ‌ေလးပါပဲ။အဲဒီခဏလေးအတွင်းမှာမှ ဘာလုပ်ရမှန်းမသိ ကြိုးစားအားထုတ်မှု့ကလည်းမရှိဆိုရင် တော့ လူဖြစ်ရတာအလကားပါပဲ။တန်ဖိုးမရှိတဲ့လူ ြဖစ်သွားနိုင်တယ်မို့လား။ကြိုးစားမှတိုးပွားမှာ၊ မွေးလာကတည်းက ဘယ်သူမှအသိပညာအတက်ပညာဗဟုသုတတွေဆိုတာ ပါမလာပါဘူး။ကိုယ်တိုင်လေ့လာရှာဖွေကြိုးစားပါမှ အောင်မြင်တဲ့ပန်းတိုင်ဆိုတာ တွေ့ရမှာပါ။အခုအချိန်ကစပြီးအချိန်မဖြုံးပဲ အိမ်ကနေပဲလေ့လာသင်ယူလိုက်ကြပါဆို့။။


No comments:

Post a Comment

ဖုန်းတစ်လုံးက ဘဝတခုကို ပြောင်းလဲပေးနိုင်လား

 'မဂ်လာပါ'     📱  ' ဖုန်းတစ်လုံးက ဘဝတခုကို ပြောင်းလဲ ပေးနိုင်လား'   *လယ်ကွင်းထဲမှာရှိတဲ့ တောင်သူ တယောက်ရဲ့ဖုန်း * ကျောင်းတက...