Followers

Followers

Saturday, June 21, 2025

ဖုန်းတစ်လုံးက ဘဝတခုကို ပြောင်းလဲပေးနိုင်လား

 'မဂ်လာပါ'

    📱  ' ဖုန်းတစ်လုံးက ဘဝတခုကို ပြောင်းလဲ ပေးနိုင်လား'

  *လယ်ကွင်းထဲမှာရှိတဲ့ တောင်သူ တယောက်ရဲ့ဖုန်း

* ကျောင်းတက် နေတဲ့သူရဲ့လက်ထဲမှာရှိတဲ့ဖုန်း

* လူငယ်တ ယောက် နားကြပ်နဲ့ နား ထောင်တဲ့ဖုန်း

သူတို့မှာတူညီတဲ့ ဖုန်းတလုံးစီ ရှိကြတယ်။ဒါပေမဲ့

ဘဝရလာဒ်က မတူကြဘူး။

ဖုန်းတစ်လုံးက ဘဝတစ်ခုကို ပြောင်းလဲ ပေးနိုင်လား? ဟုတ်တယ် ၊ဖြစ်နိုင်တယ်။ဒါပေမဲ့ 

"ဘယ်လိုသုံးမယ်" ‌‌‌‌‌‌ဆိုတာက အဓိကပါပဲ။

   🔁" ဖုန်းကမင့်ကို လွမ်းမိုးနတာလား "မင်းက ဖုန်းကို ထိန်းချုပ်နေတာလား"

ဖုန်းက မင်းနဲ့အတူ တိုးတက် အောင်လုပ်နိုင်တယ်

📚 စာဖတ်ဖို့

📰အသိပညာ ဝေမျှဖို့

📞ဆက်သွယ် ရေးလွှာဖန်တီးဖို့

📷ကိုယ့်ရဲ့အတွေ့အကြုံကို မွန်းမံဖော်ပြဖို့

ဒါပေမဲ့ တခြားဘက်မှာတော့--

📱Scroll တစွဲစွဲ

😔 comparisons

😤မျှော်လင့်ချက်ကင်းတဲ့ လူမှု့ရေးဖိအား

🧠စဉ်းစားခြင်းမရှိတဲ့ စိတ်ရောဂါတရားလုပ်ရှားမှု့တွေ 

ဖုန်းကသင်ပေးတယ်- --

အဖျင်းလည်းပးတယ်----

လွတ်မြောက်ခြင်းလည်း ပေးတက်တယ်

ငြိမ်းချမ်းမှု့မဲတဲ့ ပိတ်ဆို့မှု့လည်း ဖန်တီးတက်တယ်။

မင်းကဖုန်းကို ဘာအတွက်သုံး နေတာလဲ

*အတန်း‌ ကျောင်းမတက်သူတယောက်က youtubeမှာ သင်တန်းတက်တယ်

*ပစ္စည်းရောင်းသူက Facebook live လွှင့်ပြီးဝယ်သူရလာတယ်

*ပုံမှန်ဝင် ငွေထက်ပိုရချင်သူက freelancer  အလုပ် တွေရှာကြတယ်။

တကယ်ဆိုရင်-ဖုန်းတစ်လုံးကအလွဲ တွေလဲဖြစ်တက်သလို သိလို့အသုံးချတက်ရင်လည်း ပြောင်းလဲမှု့တွေ ဖြစ်တက်တယ်။

ဖုန်းတလုံးက ဘဝတစ်ခုကို ပြောင်းနိုင်လား ဆိုတာကတော့ ကိုယ့်ရဲ့သုံးစွဲမှု့ပေါ်မှာပဲ မူတည်ပါတယ်။

ကိုယ့်ဖုန်းထဲမှာ game game တွေပဲရှိနေရင် game ပဲဆော့ နေမှာပါ့။

ကိုယ့်ဖုန်းထဲမှာ စာဖတ်မဲ့ app, အသံနားထောင်ဖို့ podcast, လေ့လာဖို့ စာအုပ်တွေ ရှိနေရင် ---

မင့်ရဲ့အတွေးက ဖွိံဖြိုးနေမယ်ဆိုတာ အသေချာပါ။


by/ komyolay (ခရီးသွားအတွေး)

နားလည်ပေးပါ

 စာဖတ်သူ မိတ်ဆွေများ 

ကျွန်တော် စာမ ရေးဖြစ်တဲ့အတွက် တောင်းပန်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မရေးဖြစ်တာပါ။နားလည်ပေးပါ။ စာဖတ်သူ တွေအတွက် အချိန်မှန်မှန် ရေးဖို့ ကြိုးစားနေပါတယ်။ 

 အများကြီးရေးတော့မှာပါ။ စောင့်ဖတ် ပေးကြလို့ ကျေးဇူးတင်ပါတယ်။ ဆက်ပီးအားပေး ပေးကြပါဦး။ 

  အတွေးများစွာနဲ့ 

 ကြိုးစားနေတဲ့ 

 စာရေးသူ

ဖုန်းတစ်လုံးရှိရင် ဘာလုပ်မှာလဲ

" စာဖတ်သူအားလုံးမဂ်လာပါ"

        လူတိုင်းလိုလိုမှာ ဖုန်းလေးတွေတလုံးစီတော့ရှိကြမှာပါ။အသက်14 နှစ် 15နှစ်ဆိုရင် ဖုန်းလေးတွေလိုချင်

ကြပြီ။တချို့ဆို အလုပ်လုပ်ပြီးဝယ်ကြတယ်။တချို့မိဘတွေက ဝယ်မပေးနိုင်ကြဘူးလေ။ကျောင်းနေရမဲ့အရွယ်

လေးတွေမှာ ကျောင်းမနေကြရပဲ လုပ်ငန်းခွင်ထဲမှာ အချိန်မတန်ပဲဝင်လုပ်နေကြရတာ စာဖတ်သူတို့ တွေ့ဖူးကြ

မှာပါ။ အကြောင်းအမျိုးမျိုးရှိကြမှာပေါ့။ ဒါပေမဲ့ စာတာမတက်တာ ဖုန်းကြအရမ်းကိုကြည့်ချင်ကိုင်ချင်ကြတာ။

ရည်ရွယ်ချက်မရှိ အဓိပ္ပါယ်မဲ့ စွာနဲ့သူများကိုင်တိုင်းကိုင်ချင်ကြတယ်၊ဝယ်ကြတယ်။ ဖုန်းဝယ်မယ်ဆိုရင်တက်ကြွ

လို့။မစားမသောက်နဲ့ဝယ်ကြတယ်။လက်ထဲဖုန်းရောက်လာတော့လည်း ဟိုပွတ်ဒီပွတ်နဲ့ ဘာမှသိခင်ပဲ ဖုန်းလေး

ကကွဲသွားပြန်ပြီ။နောက်ပြီး ကိုယ်ကိုင်တဲ့ဖုန်းထဲက နံပါတ်လေး တောင် မသိတဲ့သူတွေဆိုတော့ ဘာကိုဘယ်လို

ပြောရမှန်းမသိတော့ဘူး။ 

အခုအချိန်ထိ ကိုယ့်ဖုန်းရဲ့နံပါတ်ကိုမပြောနိုင်ကြတဲ့သူ တွေအများကြီးပါပဲ။တကယ်ကိုမသိကြတာပါ။သိဖို့လည်း မကြိုးစားကြပါဘူး။တန်ဖိုးထားရကောင်းမှန်းလဲမသိကြပါဘူး။ ဒါကြောင့်လည်း တိုးတက်မှု့တွကနည်းနေကြတာပါ။ 

    ဖုန်းတလုံးကို အကျိုးရှိရှိအသုံးချတက်ဖို့နည်းလမ်း တွေအများကြီးရှိပါတယ်။ကိုယ်တိုင်က လိုချင်စိတ်ရှိဖို့ပဲလိုတယ်။ဒါကြောင့်အသိဉာဏ် တွေအတွေးအခေါ် တွေတိုးတက်ဖို့ စာဖတ် ပေးဖို့တော့လိုတာပါ့။ စာမဖတ်ပဲနဲ့ တော့ အ တွေးအခေါ် တွေရလာမှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အသိဉာဏ်ဖွိ့ဖြိုးဖို့ဆိုရင် စာဖတ်မှရမယ်။ ကိုယ်ဝါသနာပါတာကနေ စလုပ်ကြည့်လိုက်ပါ။ ဘယ်လိုစာပေမျိုးကို ဖတ်ချင်တာလဲ။ ရွေးချယ်စရာတွေက အများကြီးရှီပါတယ်။

      စာဖတ်ဖို့အချိန်မရသူ တွေ နဲ့ စာဖတ်ပျင်းသူ တွေအတွက် နား ထောင်လို့ရ အောင်လည်း ပညာရှင် တွေက ဖန်တီးပေးထားပါတယ်။လေ့လာပါ။မှတ်သားပါ။

နောက်ကျမကျန်ခဲ့အောင် ကိုယ်တိုင် လေ့ လာသင်ယူပါ။ ဖုန်း လေးတစ်လုံးက ကိုယ့်ဘဝတစ်ခုလုံးကို ပြောင်းလဲ ပေးနိုင်တယ်ဆိုတာ  နားလည်ဖို့လိုတယ်။

ကိုယ့်ရဲ့ဖုန်းထဲမှာ ဒီ "shwe note " ဆိုတဲ apk လေးရှိထားရင် ပြည့်စုံပါတယ်။ ပိုက်ဆံ‌ ပေးပီးအကြိုက်ဖတ်လိုရသလို အလကား ဖတ်လိုရတဲ့စာအုပ် တွေလည်းရှိပါတယ်။ ဝယ်ဖတ်ရတာက ပိုပြီးပြည့်စုံ့တယ်။ ‌‌‌အရင်ဆုံး လေ့လာ ကြည့်လိုက်ပါ။

ရေးချင်တာ တွေကတော့ အများကြီးပါ နောက်မှဆက် ရေးဦးမယ်။

   

Tuesday, July 2, 2024

သိအောင် ကြိုးစားကြည့်

"  စာဖတ်သူအားလုံး အရာရာအဆင်ပြေကြပါစေ"

            လူတိုင်းကြုံတွေ့ရတဲ့ အရာတွေထဲမှာ စား ဝတ် နေရေး ဆိုတာ မဖြစ်မနေကြုံတွေ့ကြရတာနော်။

အဲဒီ စား ဝတ် နေရေး ကအရေးကြီးလား အရေးမကြီးလားဆိုတာ ကိုနားမလည်ကြတာလား။မသိကြတာလား။

စားဝတ်နေရေး ဆိုတဲ့စကားလေးက လူတိုင်းပါးစပ်ဖျားမှာတော့ ရှိနေကြပါတယ်။ ဒါပေမဲ့ တန်ဖိုးထားရ

ကောင်းမှန်းမသိသူတွေကလည်း အများကြီးတွေ့ရတယ်။စာရေးသူတွေ့ရတာကတော့ နယ်စုံကဝန်ထမ်းလေးတွေ

အများစုပါပဲ။လူတယောက်မှာ လိုချင်စိတ် သင်ယူချင်စိတ် နဲ့ကြိုးစားမှ တိုးတက်မှာမဟုတ်လား။

အခုခေတ်လူငယ်လေးတွေမှာ သင်ယူချင်စိတ် လည်းမရှိကြဘူး။ကြိုးစားဖိုဆို ဝေးရော။ဘယ်လိုပြောရမလဲ

လိုချင်တဲ့စိတ်က ရှိကြတယ်။ ဒါပေမဲ့မကြိုးစားကြဘူး။

              တချို့လူတွေက အဆင်မပြေဘူး  ၊ပိုက်ဆံကမလောက်ဘူး။ဘာဖိုးတွေ ညာဖိုးတွေပေးရမှာ ပြောနေ

လိုက်ကြတာ။ ကိုယ်ကိုတိုင်က ကိုယ့်ဘဝလေးကို ဘယ်လိုနေထိုင်ရမယ် ၊ ပိုက်ဆံကိုဘယ်လိုချွေတာသုံး

ရမယ်ဆိုတာ စီမံခန့်ခွဲတက်ရမယ်လေ။ ဘာပလန်မှလည်းမရှိ ဘာရည်ရွယ်ချက်မှလည်းမရှိ။ အနာဂါတ်

အတွက်လည်းမသိဆိုတော့ ရှေ့ကိုဘယ်လိုခရီးဆက်ကြမှာလည်း။ တနယ်တကျေးကလာတဲ့ ကိုယ့်ဘဝ

လေးကိုမေ့ပြီး သူဌေးလိုလို ဘာလိုလိုညာလိုလို စိတ်ကြီးဝင်ပြီး ကိုယ့်ရဲ့ချွေးနဲစာလေးတွေကို ဖြုန်းပစ်နေကြ

တာမရှက်ကြဘူး။ရွာကနေထွက်လာတော့ အလုပ်လုပ်ပြီးငွေရှာမယ်ပေါ့။အဲဒီအတွေးလေးနဲ့လာခဲ့တာပဲ။

ဒါပေမဲ့ ငွေရှာတာ ဘာအတွက်ဆိုတာ လည်းမရှိသလို ဘယ်လောက်ရအောင်ရှာပြီး ဘာလုပ်မယ်ဆိုတာလည်း

တွေးမထားကြဘူး။ကိုယ့်ဘဝကိုမေ့နေကြတာ။ကိုယ်တိုင်ရှာ ကိုယ်တိုင်ဖြုန်းနေလိုက်ကြတာ အကြွေးတွေ

တောင်တင်သွားတယ်။ ရွာမှာရှိတဲ့ မိဘတွေ မိသားစုတွေအတွက်ကြမေ့ထားကြတယ်။ ပေးတော့လည်း

ဟိုမရောက်ဒီမရောက် နည်းနည်းလေးပဲ ပို့ကြတယ်။ဒါကလည်း ကိုယ့်အသိနဲ့ပို့တာမဟုတ်ဘူနော်။

လှမ်းမှာလိုက်မှ နည်းနည်းလောက်ပဲပေးကြတာ။ တချို့ ကြတော့လည်း မိဘ ညီအစ်ကိုမောင်နှမတွေအပေါ်

အရမ်းသိတက်ကြတာတွေ့ရတယ်။ တချို့လူငယ်လေးတွေက အရမ်းကိုသနားဖို့ကောင်းပါတယ်။

          ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့်ဘဝကို ဘာမှန်းမသိကြလို့လေ။ ကိုယ့်အတွက်ပဲကြည့်ပြီး ကိုယ်လုပ်တာ

မှန်တယ်ထင်နေကြသူတွေ။ကိုယ်ဘဝကို ဘယ်လိုတိုးတက်ကြီးပွားအောင်လုပ်မယ်ဆိုပြီး မတွေးကြသူတွေ။

ဘဝမှာ ဖြစ်သလိုနေပြီး ပျော်နေသူတွေ။နောက်ဆုံး အရေးကြုံမှနောင်တရတက်ကြသူတွေပေါ့။

အဲဒီလိုတွေမဖြစ်အောင် ကြိုးစားပြီး စာပေလေးတွေရှာဖတ် ဖုန်းလေးထဲကပဲ ကိုယ်သိချင်တာလေးတွေ

GOOGLE နဲ့ YOUTUBE တို့မှာရှာဖွေပြီး လေ့လာကြည့်ကြပါ။

      ခရီးသွားအတွေး

Sunday, June 30, 2024

ကူညီကြဖို့-----

 "စာဖတ်သူအားလုံးမဂ်လာပါ"

        စာမရေးတာ အတော်လေးကြာသွားပြီ။အတော်ကြီးကို ကြာသွားပါပြီ။ ဘာမှလုပ်ကိုင်ချင်စိတ်မရှိအောင်

ခံစားခဲ့ရလို့ပါ။ ကျွန်တော့်ရဲ့ BLOG လေးကိုလာရောက် အားပေးကြတဲ့အတွက် အရမ်းကိုကျေးဇူးတင်ပါတယ်။

အချိန်တွေတွက်ကြည့်လိုက်ရင် သုံးနှစ်သုံးမိုး ကျော်ခဲ့ပါပြီ။စာပေမြတ်နိုး ကြသူတွေအတွက် အရမ်းကိုအားနာမိပါတယ်။

ရေးချင်စိတ်တွေရှိပေမဲ့လည်း အချိန်အခါတွေက ရှိသေးတယ်မို့လား။ ကိုဗစ်ကတမျိုးကိုစစ်ကတမျိုးနဲ့ဆိုတော့

လူတိုင်းရဲ့စိတ်ထဲမှာ အမျိုးမျိုးခံစားနေခဲ့ကြမယ်ဆိုတာလည်း နားလည်ပါတယ်။

အတိတ်ကအကြောင်းတွေလဲမပြောချင်တော့ပါဘူး။ 

            လူတိုင်းမှာခံစားချက်ကိုယ်စီ အတွေးကိုယ်စီရှိကြမှာပါ။အခုအချိန်မှာက ဘယ်လိုဘာပြော ရမှန်း

ကိုမသိဘူး။ ဆုတောင်းပေးရုံပဲတက်နိုင်ကြတယ်။အဆင်မပြေကြသူတွေအတွက် အရမ်းကိုစိတ်မကောင်း

ဖြစ်ရပါတယ်။ပြောပြရရင်လည်း စိတ်မကောင်းကြရုံပဲရှိကြမှာပါ။ကိုယ့်အသိ ကိုယ့်သတိနဲ့ပဲ နေထိုင်ကြ

ဖို့ပဲ အရေးကြီးပါတယ်။ 

          စိတ်ညစ်စရာလေးတွေဖြစ်သွားခဲ့ရင် နားလည်ပေးပါ။စာဖတ်သူတွေတွက် စိတ်ခွန်အားဖြစ်စေမဲ့

စာလေးတွေပဲ ဖတ်စေချင်တာ စာရေးသူရဲ့စေတနာပါ။ ကိုယ်သိထားသမျှလေးတွေဟာ မသိသေးသူတွေ

အတွက်မျှဝေပေးချင်တာဖြစ်ပါတယ်။ အဓိကကတော့ ရှာဖွေလေ့လာ ဖတ်မှတ်ပါ။စာအသစ်အသစ်တွေ

မတွေ့ခဲ့ရင်တောင် အဟောင်းလေးတွေပဲထပ်ခါထပ်ခါဖတ်စေချင်ပါတယ်။ကိုယ့်အတွက် အကျိုးရှိမဲ့

စာပေလေးတွေ စိတ်ခွန်အားဖြစ်စေမဲ့စာလေးတွေ ကြီးပွားရေးတိုးပွားရေး စာပေလေးတွေ ဖတ်တက်ဖို့တော့လိုတာပေါ့။

     စာဖတ်သူတွေဟာ စာမဖတ်သူတွေထက် အသိဉာဏ် အတွေးအခေါ်အယူအဆတွေ အရမ်းကို ကွာပါတယ်။

စာရေးသူက တဖတ်သားကို နိမ့်ချပြောတာမဟုတ်ပါဘူးနော်။ စာ မဖတ်ချင်သူကို စာဖတ်ချင်လာအောင်

လက်တွဲခေါ်တက်ဖို့လည်းလိုပါတယ်။ ဒါကလည်း လူတိုင်းလူတိုင်း အသိဉာဏ် အတွေးအခေါ် အသိပညာ

ဗဟုသုတတွေ တိုးပွားကြစေဖို့ပါပဲ။ 

                komyolayခရီးသွားအတွေးစာစု


Monday, August 31, 2020

အတွေးတခု-အအရင်းပြု

" အားလုံးမဂ်လာပါ "

      အင်တာနက်ပေါ်မှာ ငွေရှာလို့ရတယ်လို့ ပြောရင်လူတိုင်းမယုံကြည်ကြသလို လက်မခံကြသူတွေလည်းရှိတယ်။တကယ်တော့ ဘယ်အရာမှ လွယ်လွယ်လေးနဲ့မရပါဘူး။တခုလိုချင်ရင်တခုတော့ပြန်ပေးဆက်ရမှာပေါ့။

အချိန်သို့မဟုတ်ငွေ၊ အချိန်နဲ့ငွေနှစ်ခုစလုံးလည်းပေးဆပ်သင့်ရင်ပေးဆက်ရမယ်။အလုပ်တစ်ခုလုပ်မယ်ဆိုရင်

ကိုယ်သိထားတာထက် ကိုယ်နားလည်တဲ့အရာကို လုပ်ရင်ပိုပြီးခရီးရောက်နိုင်မယ်။နားမလည်းပဲနဲ့လုပ်ရင်

အချိန်ကုန်ငွေကုန် လူပင်ပန်းရုံကလွဲပြီးဘာမှ ဖြစ်လာမှာမဟုတ်ဘူးဆိုတာတော့ လူတိုင်းတွေးမိကြမှာပါ။

မသိနားမလည်တာကို သိနားလည်အောင်လုပ်ဖို့ရာက ကိုယ့်တာဝန်ပါပဲ။ကိုယ်တိုင်လေ့လာဆည်းပူးမေးမြန်း

မှသာ တိုးတက်ပြောင်းလည်းမှု့ဆိုတာ ဖြစ်လာမှာပေါ့။တချို့လူတွေက သူများပြောလည်းမယုံ ကိုယ်တိုင်လည်းမလေ့လာ ,ကိုယ့်ကိုကိုယ်တက်လှပြီလို့ထင်နေကြသူတွေကလည်းအများကြီးပါ.။

  တချို့ကြတော့လည်း အွန်လိုင်းမှာ ငွေဘယ်လိုရှာရင်ရနိုင်တယ်ဆိုတာ သိကြပေမဲ့ ပညာအတွေးအခေါ်

မပြည့်စုံတော့လည်း ရောင်လည်လည်ဖြစ်နေကြတယ်။ တချို့ကြတော့လည်း ပါးစပ်ကတော့ပြောလိုက်ကြတာ

ချမ်းသာချင်တဲ့အကြောင်း။လူတိုင်းကတော့ချမ်းသာချင်ကြတာပါပဲ။ဒါပေမဲ့  အပြောနဲ့အလုပ် မညီကြဘူး။

ကိုယ်မလုပ်တက် ကိုယ်နားမလည်ရင် သင်တန်းလေးတော့ တက်သင့်ရင်တက်ရမှာပေါ့။ တချို့ကြတော့လည်း

ငွေရချင်တာပဲသိတယ် ကိုယ့်ဘက်က ဘာမှမစိုက်ထုတ်ချင်ကြဘူး။ ဘယ်အရာမှ အလကားမရပါ။

          လုပ်ချင်စိတ်အပြည့်နဲ့ ကြိုးစားပြီးသင်ယူမယ်ဆိုရင် အချိန်တိုလေးအတွင်းမှာ တိုးတက်ပြောင်းလည်းလာမှာပါ။ကိုယ့်ထက် သိသူ တက်သူ နားလည်သူ ဆရာသမားများကို မေးမြန်းသင်ယူ လေ့လာကြပါ။

အွန်လိုင်းပေါ်မှာက ကောင်းတဲ့သူတွေရှိသလို မကောင်းတဲ့ ကလိမ်ကျစ်တွေကလည်း ရှိနိုင်ပါတယ်။

ဒါကြောင့် သေချာလေးလေ့လာပြီးမှ အလုပ်လုပ်တာ အကောင်းဆုံးပါပဲ။ စာများများဖတ်ပါ။များများတွေးပါ။

လူ့ဘဝလူလောကကြီးထဲမှာက အကောင်းနဲ့အဆိုး ဒွန်တွဲနေတာ လူတိုင်းသိကြမှာပါ။ဉပမာ အချစ်-အမုန်း

အကောင်း-အဆိုး စသဖြင့်ပေါ့။ဘယ်အရာက ကိုယ်နဲ့သဟဇာတဖြစ်လားမဖြစ်လားဆိုတာကိုတော့ ကိုယ်တိုင်

စဉ်းစားတက်ဖို့တော့လိုတာပေါ့။ မကောင်းဘူးကောင်းတယ်ဆိုတာသိဖို့ သင်တန်းကြီးသွားတက်နေစရာ

မလိုသလို ပြောပြစရာလည်းလိုမယ်မထင်ပါဘူး။ ကိုယ်တိုင်လေ့လာကြည့်ပြီး ကောင်းတယ်ထင်ရင်ရှေ့ဆက်

မကောင်းဘူးလို့ထင်ရင်နောက်ဆုတ် မဟုတ်ဘူးလား။ အဆင်မပြေတာကြီးကို ဆက်လုပ်ဖို့ကြိုးစားနေမယ်ဆို

ရင်တော့လည်း ကိုယ့်ဒေါသနဲ့ကိုပေါ့။

      အသိဉာဏ်အတွေးအခေါ်ဆိုတာ ကိုယ်တိုင်စဉ်းစားဆုံးဖြတ်ရမဲ့အရာပါ။ကျနော်ပြောခဲ့ဘူးပါတယ်,

ဖုန်းလေးတစ်လုံးက ကိုယ်ဘဝလေးကို တိုးတက်ပြောင်းလည်းမှုတွေလုပ်ပေးနိုင်တယ်ဆိုတာ စဉ်းစားကြည့်ပါ။

အဲဒီဖုန်းလေးနဲ့ပဲ စာဖတ်ပြီးလေ့လာလို့ရသလို စေ◌ျးဝယ်မယ် ,သင်တန်းလေးတွေတက်မယ်, အွန်လိုင်းမှာ

ငွေရှာမယ်, နည်းပညာအစုံလေ့လာလို့ရတယ်, ငွေလွှဲ-ငွေထုတ် လုပ်မယ် အများကြီးအများကြီးပါပဲ။

စဉ်းစားပါ တွေးပါ စာဖတ်ပါ လေ့လာကြပါ။နောက်မှဆက်မည်။

  


Tuesday, August 25, 2020

မဖြစ်နိုင်တာမရှိ____မဖြစ်သေးတာပဲရှိ

အခုခေတ်  တချို့လူငယ်လေးတွေ ကိုအရမ်း ဂုဏ်ယူလေးစားမိပါတယ်။အရမ်းကိုကြိုးစားလေ့လာ သင်ယူကြတာတွေ့ရတယ်။ခေတ်ကလည်း အရမ်းကိုတိုးတက်နေတဲ့ခေတ် အချိန်၊လူကြီးတွေ ဆရာကြီးတွေက ပြောကြတယ်

စာဖတ်ကြ စာဖတ်မှ အသိဉာဏ် ဗဟုသုတကြွယ်ဝမှာတဲ့။ဟုတ်ပါသည် မှန်ပါသည်။" ပညာမရှိ သူ၏ဝန်ထမ်း "တဲ့

ပညာမတက်သူတွေကတော့ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်စားသောက် နေကြရတယ်။တချို့ကြတော့လည်း

ပညာတက်ပေမဲ့ ငွေကြေး စီးပွားရေး အဆင်မပြေကြတော့လည်း ပင်ပန်းဆင်းရဲကြရတယ်။တချို့ကြတော့လည်း

ပညာတက်ပြီး အသိတရား အတွေးအခေါ် လုံးဝမရှိကြသူတွေလည်း ရှိကြတယ်။ လောကကြီးကအကောင်းနဲ့အဆိုးကတော့ ဒွန့်တွဲနေတာပါ။ 

 အခုခေတ်မှာ ပညာလိုချင်လို့ သင်တန်းတွေတက်ပြီး ကြီုးစားနေကြသူတွေ ရှိသလို လမ်းဘေးမှာအိပ်

လမ်းရိပ်ကိုနင်းပြီး လမ်းပေါ်မှာ ပျော်နေကြသူတွေလည်း အများကြီးပါပဲ။

     တချို့လူငယ်လေးတွေကတော့  ငယ်ငယ်ရွယ်ရွယ်နဲ့ သင်တန်းတွေဖွင့် စီးပွားရေးတွေတောင်  လုပ်ကိုင်

နေကြတာတွေ့ရတယ်။ အရမ်းဂုဏ်ယူပါတယ် ။ကိုယ်ထက် ငယ်သူ   ရွယ်သူ ကြီးသူတွေပါ မကျန်သင်ပေးနေတာတွေ့ရတော့ အရမ်းဝမ်းသာပီတိဖြစ်မိတယ်။သူတို့ရဲ့ ကြိုးစားအားထုတ် မှု့ကြောင့်ပါ။

ပညာမျိုးစုံကို ကိုယ်ပိုင်လုပ်နိုင်တဲ့အထိ ကိုယ်တိုင်တွေးခေါ်နိုင်တဲ့အထိ သင်ပြ ဝေငှနေကြတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ တခြားသူတွေကို နားလည်အောင် ရှင်းပြပေးရတာ လွယ်တဲ့အလုပ်တော့ မဟုတ်ပါဘူး.။

တခြားသူတွေကို မသင်ခင် ကိုယ်တိုင် နားလည်အောင်ကြိုးစားရပါတယ်။

 အဲဒီလိုနားလည်အောင်ကြိုးစားရတာဟာ အလကားမရပါဘူး။ အချိန်တွေ ငွေတွေကုန်ပြီးမ ပင်ပန်းစွာ

သင်ယူခဲ့ရတာပါ။လွယ်လွယ်လေးနဲ့တော့ ဘယ်အရာမှ အလကားမရပါဘူး။တချို့ကြတော့လည်း တယောက်တည်းနဲ့ လှုပ်ရှားကြသလို တချို့ကြတော့လည်း သူငယ်ချင်းမိတ်ဆွေတွေဖွဲ့ပြီး လှုပ်ရှားကြတာတွေ့ရတယ်။

ကြိုးစားနေကြတဲ့လူငယ်တွေအတွက်အရမ်းကို လေးစားဂုဏ်ယူမိပါတယ်။အမြဲအားပေးနေပါတယ်။

လူတိုင်းမှာ ကိုယ်တိုင်အသိ ကိုယ်တိုင်နားလည်း ကိုယ်တိုင်အတွေးအခေါ်လေးတွေ ရှိကြရင် ကျွန်တော်တို့

နိုင်ငံကြီး အခုလိုဆင်းရဲနေမှာ မဟုတ်ပါဘူး။

 '" မဖြစ်နိုင်တာမရှိ မဖြစ်သေးတာပဲရှိ" တယ်ဆိုတဲ့စကား လေးကို လက်ကိုင်ထားပြီးကြိုးစားကြမယ်ဆိုရင်

အချိန်ခဏလေးအတွင်းမှာ ပြောင်းလည်းတိုးတက်မှု့တွေ ကြုံတွေ့လာမှာပါ။ လူတိုင်းကို စာဖတ်ပါလို့

လိုက်ပြောနေလည်း စာမဖတ်ချင်သူကတော့ လုံးဝဖတ်မှာမဟုတ်ပါဘူး။စာဖတ်ဝါသနာပါသူတွေအတွက်

ကတော့ ဘာမှတိုက်တွန်းနေစရာမလိုပါဘူး။ သူဖတ်ချင်တဲ့စာအုပ်တွေ့ရင် မရရအောင်ရှာဖတ်ကြတယ်။

   စာပေကိုတန်ဖိုးထား ၊စာပေကို လေးစား စာပေကိုမြတ်နိုးကြသူတိုင်းဟာ ရင့်ကြတ်တဲ့အတွေးအခေါ်

ပြောင်မြှောက်တဲ့အယူအဆတွေ ကြီးမားတဲ့ဆုံးဖြတ်ချက်တွေနဲ့ အေးချမ်းစွာ လှုပ်ရှားကြိုးစားနေကြသူတွေပါ။

       အဓိက ကတော့စိတ်ထားဖြူစင်ပြီး ရိုးသားကြိုးစား ကိုယ်ချင်စာတက်တဲ့ သူဖြစ်ဖို့ အရေးကြီးပါတယ်။

လူတစ်ယောက် လူဆိုးလူမိုက်လုပ်ဖို့ မကောင်းတာမှန်သမျှလုပ်ဖို့ဆိုတာ အချိန်တိုလေးအတွင်းမှာ စွယ်စုံလုပ်

ယူလို့ရနိုင်ပေမဲ့ လူတစ်ယောက် လိမ်မာ ယဉ်ကျေးလာအောင် လုပ်ယူဖို့ဆိုတာ အချိန်တိုခဏလေးအတွင်းမှာ

လုံးဝမရနိုင်ပါဘူး။ စာများများဖတ်ပြီး အတွေူးအခေါ် ဗဟုသုတတွေကြွယ်ဝနိုင်ကြပါစေ။

 ခရီးသွားအတွေးစာစု

ဖုန်းတစ်လုံးက ဘဝတခုကို ပြောင်းလဲပေးနိုင်လား

 'မဂ်လာပါ'     📱  ' ဖုန်းတစ်လုံးက ဘဝတခုကို ပြောင်းလဲ ပေးနိုင်လား'   *လယ်ကွင်းထဲမှာရှိတဲ့ တောင်သူ တယောက်ရဲ့ဖုန်း * ကျောင်းတက...