"စာဖတ်သူအားလုံးမဂ်လာပါ"
စာမရေးတာ အတော်လေးကြာသွားပြီ။အတော်ကြီးကို ကြာသွားပါပြီ။ ဘာမှလုပ်ကိုင်ချင်စိတ်မရှိအောင်
ခံစားခဲ့ရလို့ပါ။ ကျွန်တော့်ရဲ့ BLOG လေးကိုလာရောက် အားပေးကြတဲ့အတွက် အရမ်းကိုကျေးဇူးတင်ပါတယ်။
အချိန်တွေတွက်ကြည့်လိုက်ရင် သုံးနှစ်သုံးမိုး ကျော်ခဲ့ပါပြီ။စာပေမြတ်နိုး ကြသူတွေအတွက် အရမ်းကိုအားနာမိပါတယ်။
ရေးချင်စိတ်တွေရှိပေမဲ့လည်း အချိန်အခါတွေက ရှိသေးတယ်မို့လား။ ကိုဗစ်ကတမျိုးကိုစစ်ကတမျိုးနဲ့ဆိုတော့
လူတိုင်းရဲ့စိတ်ထဲမှာ အမျိုးမျိုးခံစားနေခဲ့ကြမယ်ဆိုတာလည်း နားလည်ပါတယ်။
အတိတ်ကအကြောင်းတွေလဲမပြောချင်တော့ပါဘူး။
လူတိုင်းမှာခံစားချက်ကိုယ်စီ အတွေးကိုယ်စီရှိကြမှာပါ။အခုအချိန်မှာက ဘယ်လိုဘာပြော ရမှန်း
ကိုမသိဘူး။ ဆုတောင်းပေးရုံပဲတက်နိုင်ကြတယ်။အဆင်မပြေကြသူတွေအတွက် အရမ်းကိုစိတ်မကောင်း
ဖြစ်ရပါတယ်။ပြောပြရရင်လည်း စိတ်မကောင်းကြရုံပဲရှိကြမှာပါ။ကိုယ့်အသိ ကိုယ့်သတိနဲ့ပဲ နေထိုင်ကြ
ဖို့ပဲ အရေးကြီးပါတယ်။
စိတ်ညစ်စရာလေးတွေဖြစ်သွားခဲ့ရင် နားလည်ပေးပါ။စာဖတ်သူတွေတွက် စိတ်ခွန်အားဖြစ်စေမဲ့
စာလေးတွေပဲ ဖတ်စေချင်တာ စာရေးသူရဲ့စေတနာပါ။ ကိုယ်သိထားသမျှလေးတွေဟာ မသိသေးသူတွေ
အတွက်မျှဝေပေးချင်တာဖြစ်ပါတယ်။ အဓိကကတော့ ရှာဖွေလေ့လာ ဖတ်မှတ်ပါ။စာအသစ်အသစ်တွေ
မတွေ့ခဲ့ရင်တောင် အဟောင်းလေးတွေပဲထပ်ခါထပ်ခါဖတ်စေချင်ပါတယ်။ကိုယ့်အတွက် အကျိုးရှိမဲ့
စာပေလေးတွေ စိတ်ခွန်အားဖြစ်စေမဲ့စာလေးတွေ ကြီးပွားရေးတိုးပွားရေး စာပေလေးတွေ ဖတ်တက်ဖို့တော့လိုတာပေါ့။
စာဖတ်သူတွေဟာ စာမဖတ်သူတွေထက် အသိဉာဏ် အတွေးအခေါ်အယူအဆတွေ အရမ်းကို ကွာပါတယ်။
စာရေးသူက တဖတ်သားကို နိမ့်ချပြောတာမဟုတ်ပါဘူးနော်။ စာ မဖတ်ချင်သူကို စာဖတ်ချင်လာအောင်
လက်တွဲခေါ်တက်ဖို့လည်းလိုပါတယ်။ ဒါကလည်း လူတိုင်းလူတိုင်း အသိဉာဏ် အတွေးအခေါ် အသိပညာ
ဗဟုသုတတွေ တိုးပွားကြစေဖို့ပါပဲ။
komyolayခရီးသွားအတွေးစာစု
No comments:
Post a Comment