Followers

Followers

Saturday, June 21, 2025

ဖုန်းတစ်လုံးရှိရင် ဘာလုပ်မှာလဲ

" စာဖတ်သူအားလုံးမဂ်လာပါ"

        လူတိုင်းလိုလိုမှာ ဖုန်းလေးတွေတလုံးစီတော့ရှိကြမှာပါ။အသက်14 နှစ် 15နှစ်ဆိုရင် ဖုန်းလေးတွေလိုချင်

ကြပြီ။တချို့ဆို အလုပ်လုပ်ပြီးဝယ်ကြတယ်။တချို့မိဘတွေက ဝယ်မပေးနိုင်ကြဘူးလေ။ကျောင်းနေရမဲ့အရွယ်

လေးတွေမှာ ကျောင်းမနေကြရပဲ လုပ်ငန်းခွင်ထဲမှာ အချိန်မတန်ပဲဝင်လုပ်နေကြရတာ စာဖတ်သူတို့ တွေ့ဖူးကြ

မှာပါ။ အကြောင်းအမျိုးမျိုးရှိကြမှာပေါ့။ ဒါပေမဲ့ စာတာမတက်တာ ဖုန်းကြအရမ်းကိုကြည့်ချင်ကိုင်ချင်ကြတာ။

ရည်ရွယ်ချက်မရှိ အဓိပ္ပါယ်မဲ့ စွာနဲ့သူများကိုင်တိုင်းကိုင်ချင်ကြတယ်၊ဝယ်ကြတယ်။ ဖုန်းဝယ်မယ်ဆိုရင်တက်ကြွ

လို့။မစားမသောက်နဲ့ဝယ်ကြတယ်။လက်ထဲဖုန်းရောက်လာတော့လည်း ဟိုပွတ်ဒီပွတ်နဲ့ ဘာမှသိခင်ပဲ ဖုန်းလေး

ကကွဲသွားပြန်ပြီ။နောက်ပြီး ကိုယ်ကိုင်တဲ့ဖုန်းထဲက နံပါတ်လေး တောင် မသိတဲ့သူတွေဆိုတော့ ဘာကိုဘယ်လို

ပြောရမှန်းမသိတော့ဘူး။ 

အခုအချိန်ထိ ကိုယ့်ဖုန်းရဲ့နံပါတ်ကိုမပြောနိုင်ကြတဲ့သူ တွေအများကြီးပါပဲ။တကယ်ကိုမသိကြတာပါ။သိဖို့လည်း မကြိုးစားကြပါဘူး။တန်ဖိုးထားရကောင်းမှန်းလဲမသိကြပါဘူး။ ဒါကြောင့်လည်း တိုးတက်မှု့တွကနည်းနေကြတာပါ။ 

    ဖုန်းတလုံးကို အကျိုးရှိရှိအသုံးချတက်ဖို့နည်းလမ်း တွေအများကြီးရှိပါတယ်။ကိုယ်တိုင်က လိုချင်စိတ်ရှိဖို့ပဲလိုတယ်။ဒါကြောင့်အသိဉာဏ် တွေအတွေးအခေါ် တွေတိုးတက်ဖို့ စာဖတ် ပေးဖို့တော့လိုတာပါ့။ စာမဖတ်ပဲနဲ့ တော့ အ တွေးအခေါ် တွေရလာမှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အသိဉာဏ်ဖွိ့ဖြိုးဖို့ဆိုရင် စာဖတ်မှရမယ်။ ကိုယ်ဝါသနာပါတာကနေ စလုပ်ကြည့်လိုက်ပါ။ ဘယ်လိုစာပေမျိုးကို ဖတ်ချင်တာလဲ။ ရွေးချယ်စရာတွေက အများကြီးရှီပါတယ်။

      စာဖတ်ဖို့အချိန်မရသူ တွေ နဲ့ စာဖတ်ပျင်းသူ တွေအတွက် နား ထောင်လို့ရ အောင်လည်း ပညာရှင် တွေက ဖန်တီးပေးထားပါတယ်။လေ့လာပါ။မှတ်သားပါ။

နောက်ကျမကျန်ခဲ့အောင် ကိုယ်တိုင် လေ့ လာသင်ယူပါ။ ဖုန်း လေးတစ်လုံးက ကိုယ့်ဘဝတစ်ခုလုံးကို ပြောင်းလဲ ပေးနိုင်တယ်ဆိုတာ  နားလည်ဖို့လိုတယ်။

ကိုယ့်ရဲ့ဖုန်းထဲမှာ ဒီ "shwe note " ဆိုတဲ apk လေးရှိထားရင် ပြည့်စုံပါတယ်။ ပိုက်ဆံ‌ ပေးပီးအကြိုက်ဖတ်လိုရသလို အလကား ဖတ်လိုရတဲ့စာအုပ် တွေလည်းရှိပါတယ်။ ဝယ်ဖတ်ရတာက ပိုပြီးပြည့်စုံ့တယ်။ ‌‌‌အရင်ဆုံး လေ့လာ ကြည့်လိုက်ပါ။

ရေးချင်တာ တွေကတော့ အများကြီးပါ နောက်မှဆက် ရေးဦးမယ်။

   

No comments:

Post a Comment

ဖုန်းတစ်လုံးက ဘဝတခုကို ပြောင်းလဲပေးနိုင်လား

 'မဂ်လာပါ'     📱  ' ဖုန်းတစ်လုံးက ဘဝတခုကို ပြောင်းလဲ ပေးနိုင်လား'   *လယ်ကွင်းထဲမှာရှိတဲ့ တောင်သူ တယောက်ရဲ့ဖုန်း * ကျောင်းတက...