" စာဖတ်သူအားလုံး အရာရာအဆင်ပြေကြပါစေ"
လူတိုင်းကြုံတွေ့ရတဲ့ အရာတွေထဲမှာ စား ဝတ် နေရေး ဆိုတာ မဖြစ်မနေကြုံတွေ့ကြရတာနော်။
အဲဒီ စား ဝတ် နေရေး ကအရေးကြီးလား အရေးမကြီးလားဆိုတာ ကိုနားမလည်ကြတာလား။မသိကြတာလား။
စားဝတ်နေရေး ဆိုတဲ့စကားလေးက လူတိုင်းပါးစပ်ဖျားမှာတော့ ရှိနေကြပါတယ်။ ဒါပေမဲ့ တန်ဖိုးထားရ
ကောင်းမှန်းမသိသူတွေကလည်း အများကြီးတွေ့ရတယ်။စာရေးသူတွေ့ရတာကတော့ နယ်စုံကဝန်ထမ်းလေးတွေ
အများစုပါပဲ။လူတယောက်မှာ လိုချင်စိတ် သင်ယူချင်စိတ် နဲ့ကြိုးစားမှ တိုးတက်မှာမဟုတ်လား။
အခုခေတ်လူငယ်လေးတွေမှာ သင်ယူချင်စိတ် လည်းမရှိကြဘူး။ကြိုးစားဖိုဆို ဝေးရော။ဘယ်လိုပြောရမလဲ
လိုချင်တဲ့စိတ်က ရှိကြတယ်။ ဒါပေမဲ့မကြိုးစားကြဘူး။
တချို့လူတွေက အဆင်မပြေဘူး ၊ပိုက်ဆံကမလောက်ဘူး။ဘာဖိုးတွေ ညာဖိုးတွေပေးရမှာ ပြောနေ
လိုက်ကြတာ။ ကိုယ်ကိုတိုင်က ကိုယ့်ဘဝလေးကို ဘယ်လိုနေထိုင်ရမယ် ၊ ပိုက်ဆံကိုဘယ်လိုချွေတာသုံး
ရမယ်ဆိုတာ စီမံခန့်ခွဲတက်ရမယ်လေ။ ဘာပလန်မှလည်းမရှိ ဘာရည်ရွယ်ချက်မှလည်းမရှိ။ အနာဂါတ်
အတွက်လည်းမသိဆိုတော့ ရှေ့ကိုဘယ်လိုခရီးဆက်ကြမှာလည်း။ တနယ်တကျေးကလာတဲ့ ကိုယ့်ဘဝ
လေးကိုမေ့ပြီး သူဌေးလိုလို ဘာလိုလိုညာလိုလို စိတ်ကြီးဝင်ပြီး ကိုယ့်ရဲ့ချွေးနဲစာလေးတွေကို ဖြုန်းပစ်နေကြ
တာမရှက်ကြဘူး။ရွာကနေထွက်လာတော့ အလုပ်လုပ်ပြီးငွေရှာမယ်ပေါ့။အဲဒီအတွေးလေးနဲ့လာခဲ့တာပဲ။
ဒါပေမဲ့ ငွေရှာတာ ဘာအတွက်ဆိုတာ လည်းမရှိသလို ဘယ်လောက်ရအောင်ရှာပြီး ဘာလုပ်မယ်ဆိုတာလည်း
တွေးမထားကြဘူး။ကိုယ့်ဘဝကိုမေ့နေကြတာ။ကိုယ်တိုင်ရှာ ကိုယ်တိုင်ဖြုန်းနေလိုက်ကြတာ အကြွေးတွေ
တောင်တင်သွားတယ်။ ရွာမှာရှိတဲ့ မိဘတွေ မိသားစုတွေအတွက်ကြမေ့ထားကြတယ်။ ပေးတော့လည်း
ဟိုမရောက်ဒီမရောက် နည်းနည်းလေးပဲ ပို့ကြတယ်။ဒါကလည်း ကိုယ့်အသိနဲ့ပို့တာမဟုတ်ဘူနော်။
လှမ်းမှာလိုက်မှ နည်းနည်းလောက်ပဲပေးကြတာ။ တချို့ ကြတော့လည်း မိဘ ညီအစ်ကိုမောင်နှမတွေအပေါ်
အရမ်းသိတက်ကြတာတွေ့ရတယ်။ တချို့လူငယ်လေးတွေက အရမ်းကိုသနားဖို့ကောင်းပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့်ဘဝကို ဘာမှန်းမသိကြလို့လေ။ ကိုယ့်အတွက်ပဲကြည့်ပြီး ကိုယ်လုပ်တာ
မှန်တယ်ထင်နေကြသူတွေ။ကိုယ်ဘဝကို ဘယ်လိုတိုးတက်ကြီးပွားအောင်လုပ်မယ်ဆိုပြီး မတွေးကြသူတွေ။
ဘဝမှာ ဖြစ်သလိုနေပြီး ပျော်နေသူတွေ။နောက်ဆုံး အရေးကြုံမှနောင်တရတက်ကြသူတွေပေါ့။
အဲဒီလိုတွေမဖြစ်အောင် ကြိုးစားပြီး စာပေလေးတွေရှာဖတ် ဖုန်းလေးထဲကပဲ ကိုယ်သိချင်တာလေးတွေ
GOOGLE နဲ့ YOUTUBE တို့မှာရှာဖွေပြီး လေ့လာကြည့်ကြပါ။